Min Khant
1 Course • 0 StudentBiography
Min Khant (Verse) သည် စာရေးသူ၊ Content Creator နှင့် Simpla Agency ၏တည်ထောင်သူတစ်ဦးဖြစ်သည်။ အသက် ၁၇ နှစ်အရွယ်မှာကတည်းက စာအုပ်ရေးသားမှုကိုစတင်ခဲ့ပြီး သူ၏နေရပ်ဖြစ်သည့် ရွာလေးတစ်ရွာကနေ ရန်ကုန်မြို့ကြီးဆီကို အသက် ၁၇နှစ်မှာပဲ ထွက်လာခဲ့ပြီး စာရေးခြင်းအလုပ်ဖြင့် သူ၏ ဘဝကို စတင်ခဲ့သည်။
ယခုအချိန်မှာဆိုရင် သူသည် စာအုပ်စုစုပေါင်း ၉ အုပ် အထိထုတ်ဝေထားပြီး၊ အဲ့ဒီအထဲကမှ စာအုပ် ၇ အုပ် သည် အရောင်းအများဆုံးစာအုပ်စာရင်းများတွင် ဝင်ရောက်နိုင်ခဲ့သည်။ ထို့အပြင် You Can Change(မင်းပြောင်းလဲနိုင်ပါတယ်) / You Can Do It (မင်းလုပ်နိုင်ပါတယ်) အစရှိတဲ့ စာအုပ်များဟာလည်း လူငယ်များကြားမှာ ရေပန်းစားခဲ့ပြီး အုပ်ရေ ၇၀၀၀ကျော်အထိရောင်းချခဲ့ပြီးဖြစ်သည်။
စာပေအားဖြင့် လူမှုအသိုင်းအဝိုင်းတွင် ဆယ်ကျော်သက်အရွယ်ကတည်းက ဝင်ရောက်လာခဲ့သူဖြစ်ပြီး စာရေးခြင်းမှာတင် ရပ်မသွားပဲ သူ့ရဲ့ ဖန်တီးမှုစွမ်းအားကို ဆက်လက်လေ့လာအသုံးပြုရင်း လက်ရှိမှာ Video Content များကိုလည်း Social Media ပေါ်တွင် တင်ဆက်နေသူဖြစ်သည်။
နောက် သူ၏ အတွေ့အကြုံများ အပေါ်အခြေခံပြီး၊ လုပ်ငန်းရှင်များအတွက် Personal Branding၊ Business Branding နှင့် Content Marketing ဝန်ဆောင်မှုများကို ပေးဆောင်သည့် Simpla Agency ကို တည်ထောင်ခဲ့သည်။ Simpla Agency မှာဆိုရင် လုပ်ငန်းရှင်ပေါင်းများစွာရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနေပြီး လုပ်ငန်းရှင်များရဲ့ ရောင်းအားတွေ မြင့်လာအောင်၊ Branding တွေပိုပြီး ကောင်းလာအောင် Content Creation Service တွေနဲ့ ကူညီပေးနေလျက်ရှိပါသည်။
ထို့အပြင်၊ Content Creation ကိုပြန်စလိုသူများ၊ Start Up လုပ်ငန်းရှင်သစ်များနဲ့ စာရေးရတာဝါသနာပါတဲ့ လူငယ်တွေအတွက်လည်း Content Creation Class များကိုလည်း ဖွင့်လှစ် သင်ကြားပေးနေသည်။
သူ၏ရည်ရွယ်ချက်မှာ စာပေနှင့်မီဒီယာမှတဆင့် လူတိုင်းရဲ့ လုပ်နိုင်စွမ်းကို ဖော်ထုတ်ပေးချင်တာဖြစ်ပြီး၊ ဖန်တီးမှုဖြင့် အခြားသူများကို အကောင်းဆုံးဖြစ်အောင် ကူညီပေးခြင်းဖြစ်သည်။
Min Khant (Verse) သည် ဖန်တီးမှု၊ မဟာဗျူဟာနှင့် စီးပွားရေးသဘောတရားတို့ကို ပေါင်းစပ်နိုင်သော လူငယ်တစ်ဦးအဖြစ် အခြားသူများအတွက်လည်း တန်ဖိုးရှိသောလမ်းညွှန်ဖြစ်လာနိုင်ခဲ့သူဖြစ်သည်။ သူသည်လက်ရှိမှာလည်း သူ၏ ၁၀အုပ်မြောက် ဝတ္ထုစာအုပ်ကိုရေးနေသည်ဖြစ်ပြီး Simpla Agency မှလည်း လုပ်ငန်းရှင်များစွာရဲ့ Business ကို တိုးတက်စေရန် ကူညီပေးနေလျက်ရှိပါသည်။